သင်းသင်း ကတော့ သရုပ်ဆောင်ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့တရားစွဲဆိုမှာဖြစ်တယ်လို့ မီဒီယာတွေကနေတဆင့် အသိပေးထားတာဖြစ်ပါတယ်။ သင်းသင်းနဲ့ ဝေဠုကျော်တို့ရဲ့ကိစ္စတွေ တခဏအတွင်းပျံ့သွားချိန်မှာတော့ သင်းသင်းကို တိုက်ခိုက်တဲ့ ပုံရိပ်တွေနဲ့အတူ လူမှုကွန်ယက်အပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ ထိုပြသာနာရပ်တွေနဲ့အတူ MMPA Organization က သူမရရှိထားတဲ့ အလှမယ်ဘွဲ့နဲ့ သရဖူကို သိမ်းယူခဲ့တာဖြစ်ပါတယ်။

သင်းသင်းကတော့ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကနေတက်လာရခြင်းအကြောင်းတွေကို မကြာခင်မှာ အင်တာဗျူးပြုလုပ်သွားမယ်လို့သိရပါတယ်။ သူမကို အကောင့်တုတွေနဲ့ တိုက်ခိုက်နေကြတဲ့အပေါ်မှာလည်း သူမစိတ်ထဲလုံးဝမရှိကြောင်းနဲ့ ပျော်ရဲ့လားလို့ သူမက မေးခွန်းထုတ်လိုက်ပါသေးတယ်။

သူမ အရင်အကောင့်ဟောင်း (၂) ခုကိုလည်း ဟက်သွားကြပြီးတော့ လက်ရှိသုံးနေတဲ့အကောင့်ကိုလည်း နေ့တိုင်းနီးပါး လာဟက်နေတယ်လို့ သူမ Live ကတဆင့် ပြောထားပါတယ်။

သူမအနေနဲ့ အကောင့်တုတွေက တက်လာတဲ့ ဘယ်ပုံ၊ ဘယ်မှတ်ချက်ကိုမှ မကြည့်ဘူးလို့ဆိုပါတယ်။ သူမကို တိုက်ခိုက်သူတွေကိုတော့ သင်းသင်းက သူမကို တိုက်ခိုက်ဖို့ အချိန်တွေအားနေလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

သင်းသင်းရဲ့ HD တွေဆိုပြီး လူမှုကွန်ယက်ပေါ်မှာလည်းပျံ့နှံ့နေတာတွေနဲ့ပတ်သက်ပြီး သင်းသင်းကတော့ ပရိသတ်တွေမေးလိုက်တဲ့ HD ကိစ္စအမှန်တွေလားဆိုတဲ့ မေးခွန်းပေါ်မှာ ယခုလိုမျိုး Live ကတဆင့်ဖြေသွားခဲ့တာဖြစ်ပါတယ်။

“ကျမကိုပြောကြပါတယ်။HD တွေတက်လာတာ တကယ်လားလို့မေးပါတယ်။ အမှန်ပြောရရင် အဲ့ HD ဆိုတာလည်း သူများတွေပြောတယ်ပေါ့နော် HD လို့ပြောတယ်။ အဲတော့ အဲဒါတွေကိုလည်း ကျမ မကြည့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမ ခေါင်းကိုက်မခံဘူးရှင့်။ မကြည့်ပါဘူး ဒါက ယုတ်မာပြီးတော့ တမင်လုပ်ထားသည့်အရာဖြစ်သည့်အတွက် HD ထွက်ကြေးသာ အဲ့မိန်းမကို ဖာသည်စာရင်းထဲ ဆွဲသွင်းမယ်ဆိုရင် အကုန်လုံးက အဲလိုဖြစ်နေမယ်လို့တော့ထင်ပါတယ်။ အဲတော့ အချိန်ကိုပဲ စောင့်ကြည့်ပေးပါ” လို့ HD ကိစ္စနဲ့ပတ်သက်ပြီးဖြေဆိုသွားတာဖြစ်ပါတယ်။

သူမကတော့ MMPA Organization က Crown သိမ်းတဲ့ကိစ္စမဟုတ်ဘဲ အခြားသော ပြိုင်ပွဲတစ်ခုမှ Crown သိမ်းတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး သိပ်မကြာခင်မှာအင်တာဗျူးလုပ်သွားမယ်လို့သိရပါတယ်။

Comments
Post a Comment