Beauty Blogger အဖြစ် ပရိသတ်တွေရှေ့ရောက်ရှိလာတော့မယ့် ဝတ်မှုန်ရွှေရည် ညီမလေး နဒီရွှေရည်

ပရိသတ်​ကြီး ချစ်​တဲ့ မင်းသမီး​ချော​လေး ​ဝတ်​မှုံ​ရွှေရည်​ဟာ သူမရဲ့ အနုပညာသက်​တမ်းတစ်​​လျှောက်​မှာ ​အောင်​မြင်​မှုများစွာကို ဆွတ်​ခူးနိုင်​ခဲ့သူတစ်​ဦးဖြစ်​ပါတယ်​။ ဝတ်​မှုံ​ရွှေရည်​ရဲ့ သရုပ်​​ဆောင်​မှု​တွေဟာ ဇာတ်​လမ်းဇာတ်​ကွက်​​နဲ့ အံဝင်​ကွင်​ကျဖြစ်​ပြီး ​အထူး​ကောင်းမွန်​တာပဲဖြစ်​ပါတယ်​။ အဲ့ဒါ​ကြောင့်​လဲ ဝတ်​မှုံ​ရွှေရည်​က ပရိသတ်​​တွေရဲ့ အား​ပေးမှုကို အပြည့်​အဝ ရရှိထားပြီး မြန်​မာနိုင်​ငံရဲ့ ထိပ်​တန်းမင်းသမီးအဖြစ်​ ရပ်​တည်​​နေနိုင်​တာပဲဖြစ်​ပါတယ်​။

ဝတ်​မှုံ​ရွှေရည်​က အခုဆိုရင်​ အသက်​အရွယ်​တစ်​ခုကို ​ရောက်​ရှိ​နေပြီဖြစ်​ပြီး အိမ်​​ထောင်​မပြု​သေးပဲ အနုပညာလုပ်​ငန်း​တွေကို ဆက်​လက်​လုပ်​ကိုင်​​နေပါတယ်​။ ဝတ်​မှုံ​ရွှေရည်​က သူမရဲ့ မိသားစု​တွေနဲ့အတူတူ ဘဝကို ရိုးရှင်းစွာ ဖြတ်​သန်းလျက်​ရှိပါတယ်​။

ဝတ်​မှုံ​ရွှေရည်​ရဲ့ ညီမ​လေးဖြစ်​သူ နဒီ​ရွှေရည်​ဟာလဲ အစ်​မဖြစ်​သူနဲ့အတူတူ ​ကြော်​ငြာအနည်းငယ်​ကို ရိုက်​ကူးခဲ့​ပါတယ်​။ အခါဆိုရင်​ ဝတ်​မှုံ​ရွှေရည်​ရဲ့ညီမ နဒီ​ရွှေရည်​ဟာ အလှအပ​ရေးရာနဲ့ မိတ်​ကပ်​လိမ်းခြယ်​မှု​တွေကို ​ဖေ့စ်​ဘုတ်​က​နေ မျှ​ဝေပြီး Beauty Blogger အဖြစ်​ ရပ်​တည်​​တော့မှာဖြစ်​ပါတယ်​။

ဝတ်​မှုံ​ရွှေရည်​ရဲ့ညီမ နဒီ​ရွှေရည်​ဟာ အစ်​မဖြစ်​သူ​လောက်​ အနုပညာလုပ်​ငန်း​တွေကို မလုပ်​ကိုင်​​ပေမယ့်​ မိတ်​ကပ်​ပြင်​ဆင်​ခြယ်​သမှု​တွေကို​တော့ နာမည်​ကြီးအလှကုန်​ကုမ္ပဏီ​တွေနဲ့ တွဲဖက်​ပြီးရိုက်​ကူး​လေ့ရှိပါတယ်​။

အလှအပ​ရေးရာနဲ့ မိတ်​ကပ်​ပညာကို စိတ်​ဝင်​စားတဲ့ အမျိုးသမီး​တွေ အ​နေနဲ့ ဝတ်​မှုံ​ရွှေရည်​ရဲ့ ညီမ​လေး နဒီ​ရွှေရည်​ရဲ့ ​ဖေ့စ်​ဘုတ်​​လေးကို ​Like လုပ်​ထားဖို့ မ​မေ့ပါနဲ့​နော်​။ Page ​လေး နာမည်​က Nadi Shwe Yi- KAY ပဲဖြစ်​ပါတယ်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့ ပရိသတ်​ကြီးကို ​ကျေးဇူးအထူးတင်​ရှိပါတယ်​။

Comments