ထက်ထက်မိုးဦးလို့ ဆိုလိုက်တာနဲ့ ဒီနေ့ခေတ် လူငယ်တွေရဲ့ငယ်ဘဝကို ပျော်ရွှင်စေခဲ့တဲ့၊ ဘယ်တော့မှလည်း ရိုးမသွားတဲ့ ကြော်ငြာတွေကိုပဲ ရိုက်ကူးလေ့ရှိတဲ့ ကြော်ငြာမင်းသမီးကြီးလို့ ပရိသတ်တွေက ပြေးမြင်မိကြမှာပါ။ လတ်တလောမှာတော့ ထက်ထက်မိုးဦးက သူမရဲ့အအောင်မြင်ဆုံးသောကြော်ငြာတစ်ခုဖြစ်တဲ့ Ve Ve အချိုရည်ကြော်ငြာလေးကို ဒီဇိုင်နာ မျိုးမင်းစိုးနဲ့အတူ ငယ်မူငယ်ဟန်လေးနဲ့ တစ်မျိုးလေးဆန်းပြီး ကြော်ငြာပြခဲ့တာ တွေ့ရပါတယ်။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ သူငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ ကြော်ငြာလေးကို ထက်ထက်မိုးဦးနဲ့အတူ Tiktok ကစားရလို့ အရမ်းကို ပျော်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရင်ကလို ချစ်ဖို့ကောင်းဆဲဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့Tiktok ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒီဇိုင်နာ မျိုးမင်းစိုးကတော့ “ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ကြော်ငြာလေးကိုထက်ထက်နဲ့Tiptop ရတော့ပျော်တာပေါ့လို့” ဆိုပြီး သူတို့နှစ်ယောက်ရဲ့ချစ်စရာ Tiktiok ဗီဒီယိုလေးကို ထက်ထက်ရဲ့ပရိသတ်တွေအတွက် လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

အရမ်းကိုချစ်စရာကောင်းတဲ့ ထက်ထက်မိုးဦးတို့နှစ်ဦးရဲ့ချစ်စရာဗီဒီယိုလေး
ဒီဇိုင်နာ မျိုးမင်းစိုးနဲ့ ထက်ထက်မိုးဦးတို့နှစ်ဦးကတော့ Mr & Miss Christmas 2018 ပွဲမှာ အကဲဖြတ်ဒိုင်အနေနဲ့ အတူလုပ်ဆောင်ရင်း တွေ့ဆုံခဲ့ကြတာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုလေးတွေ ခပ်ကြဲကြဲလုပ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ချစ်ပရိသတ်တွေလည်း ငယ်ငယ်ကတည်းက ထက်ထက်မိုးဦးရဲ့ကြော်ငြာတွေကို ကြိုက်နှစ်သက်ခဲ့ဖူးကြတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Comments
Post a Comment