အသက်အရွယ်အပိုင်းအခြား၊ ရုပ်ရည်ရူပကာတွေနဲ့ ကန့်သတ်ချက်ကြီးတစ်ခု ရှိမနေပဲ တစ်ဦးနဲ့တစ်ဦး နှစ်နှစ်ကာကာ ချစ်မိသွားကြတယ်ဆိုတာ မင်္ဂလာတစ်ပါးပဲ ဖြစ်ပါတယ်။ စူပါမော်ဒယ် သန္တာလှိုင်ကတော့ ပထမဦးဆုံးအကြိမ် အချစ်ရေးမှာ ကံမကောင်းခဲ့ပေမယ့် အခုအချိန်မှာတော့ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထားပါပြီ။ လတ်တလောမှာတော့ သန္တာလှိုင်က ခင်ပွန်းဖြစ်သူနဲ့ ကြည်နူးနေတဲ့ ပုံရိပ်တွေနဲ့အတူ အသက်ကြီးမှ ဝက်သက်ပေါက်တယ်ဆိုတာ ဒါမျိုးပဲ ဖြစ်မယ်ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ နှစ်ဦးလုံးရဲ့မျက်နှာမှာလည်း အချစ်ရိပ်တွေ ယှက်သန်းနေတာမို့ မြင်ရသူတွေကိုလည်း ကြည်နူးမှုတွေ ကူးစက်သွားစေမှာ အမှန်ပါပဲ။

ချစ်ပရိသတ်တွေအတွက် စင်္ကာပူကိုအလည်သွားတုန်း ရိုက်ကူးထားတဲ့ သန္တာလှိုင်တို့ ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သန္တာလှိုင်ကတော့ “ကြီးမှဝက်သက်ပေါက်ဆိုတာ…. ဒါမျိုးပဲ ဖြစ်မယ်
singapore သွားတုန်းက ပုံလေးတွေပါ…” ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ သူတို့ဇနီးမောင်နှံရဲ့ ခရီးသွားပုံရိပ်လေးတွေကို ဖေ့စ်ဘုတ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

ဆယ်ကျော်သက်လေးလို အမြဲနုပျိုနေတဲ့ သန္တာလှိုင်ကတော့ ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ပါ အားကစားလိုက်စားသူတစ်ဦးမို့ အဆီပိုမရှိ ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမကတော့ အမြဲလိုလို ပရိသတ်တွေအတွက် အကျိုးရှိစေမယ့် လေ့ကျင့်ခန်းအားကစားတွေ သူမရဲ့ ဖေ့စ်ဘုတ်ကနေ မျှဝေပေးလေ့ရှိပါတယ်နော်။

သန္တာလှိုင်တို့ဇနီးမောင်နှံကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ရှေ့ဆက်ခဲ့ကြတာ အခုဆိုရင် တစ်နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။ သန္တာလှိုင်ကတော့ လက်ရှိမှာ ချစ်ရတဲ့ခင်ပွန်းသည်နဲ့အတူ ကလေးတွေကိုပြုစုစောင့်ရှောက်ရင်း ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာပါ။ အချစ်စစ်မှာ အသက်အရွယ်ကွာခြားမှုတွေဆိုတာ မရှိတာမို့ ချစ်ပရိသတ်တွေလည်း သန္တာလှိုင်တို့ ဇနီးမောင်နှံနှစ်ဦး သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။


ချစ်ပရိသတ်တွေအတွက် စင်္ကာပူကိုအလည်သွားတုန်း ရိုက်ကူးထားတဲ့ သန္တာလှိုင်တို့ ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


သန္တာလှိုင်ကတော့ “ကြီးမှဝက်သက်ပေါက်ဆိုတာ…. ဒါမျိုးပဲ ဖြစ်မယ်


ဆယ်ကျော်သက်လေးလို အမြဲနုပျိုနေတဲ့ သန္တာလှိုင်ကတော့ ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ပါ အားကစားလိုက်စားသူတစ်ဦးမို့ အဆီပိုမရှိ ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမကတော့ အမြဲလိုလို ပရိသတ်တွေအတွက် အကျိုးရှိစေမယ့် လေ့ကျင့်ခန်းအားကစားတွေ သူမရဲ့ ဖေ့စ်ဘုတ်ကနေ မျှဝေပေးလေ့ရှိပါတယ်နော်။


သန္တာလှိုင်တို့ဇနီးမောင်နှံကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ရှေ့ဆက်ခဲ့ကြတာ အခုဆိုရင် တစ်နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။ သန္တာလှိုင်ကတော့ လက်ရှိမှာ ချစ်ရတဲ့ခင်ပွန်းသည်နဲ့အတူ ကလေးတွေကိုပြုစုစောင့်ရှောက်ရင်း ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာပါ။ အချစ်စစ်မှာ အသက်အရွယ်ကွာခြားမှုတွေဆိုတာ မရှိတာမို့ ချစ်ပရိသတ်တွေလည်း သန္တာလှိုင်တို့ ဇနီးမောင်နှံနှစ်ဦး သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။
Comments
Post a Comment