အလုပ်အတူတွဲလုပ်ခဲ့တဲ့ ဝန်ထမ်းတွေကို မိသားစုသဖွယ် ခရစ္စမတ်ပါတီပွဲလုပ်ပေးခဲ့တဲ့ နေခြည်ဦး

နေခြည်ဦးဟာ ဒီနေ့ခေတ်ရဲ့ Social Media မှာရော၊ အနုပညာလောကမှာပါ အောင်မြင်သူတစ်ဦးဖြစ်ပါတယ်။ Beauty Blogger ဘဝကနေ ပရိသတ်တွေရဲ့ သတိထားခြင်း ခံလာရသူလေးဖြစ်ပြီး နောက်ပိုင်းမှာတော့ ကြော်ငြာတွေရိုက်ကူးရာမှတဆင့် အနုပညာလောကထဲကို ထိုးဖောက်ဝင်ရောက်လာသူဖြစ်ပါတယ်။ အခုဆိုရင် နေခြည်ဦးက ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ ရိုက်ကူးနေပြီပဲဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားသူလေးဖြစ်ပါတယ်။

Beauty Blogger အနေနဲ့ ရေပန်းစားခဲ့ရာမှ သူမရဲ့ ပါရမီထူးချွန်မှုနဲ့ ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် ဝါရင့်သရုပ်ဆောင်တွေနဲ့အပြိုင် သရုပ်ဆောင်နိုင်ပါတယ်။ ပရိသတ်တွေကလဲ နေခြည်ဦးရဲ့ ကြိုးပမ်းအားထုတ်မှုကို အသိအမှတ်ပြုလက်ခံပြီး တစ်ခဲနက်အားပေးကြပါတယ်။

ပရိသတ်တွေချစ်တဲ့ နေခြည်ဦးက အနုပညာလုပ်ငန်းတွေမှာ ထူးချွန်သလို ပေါင်းသင်းဆက်ဆံရေးလဲ ကောင်းသူတစ်ဦးပါ။ နေခြည်ဦးဟာ အပေါင်းအသင်းများပြားသူတစ်ဦးလဲဖြစ်ပြီး သူမရဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီးနေလေ့ရှိသူတစ်ဦးပါ။ ဒါ့အပြင် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလဲ မိသားစုနဲ့ မခြား နွေးထွေးစွာ ဆက်ဆံခဲ့သူတစ်ဦးပါ။

နေခြည်ဦးက သူမနဲ့တစ်နှစ်တာ ကာလပတ်လုံး အလုပ်အတူတူ တွဲဖက်လုပ်ကိုင်ပေးခဲ့ကြတဲ့ အဖွဲ့သားတွေအတွက် ခရစ်စမတ်ပါတီလေးတစ်ခု ကျင်းပပေးခဲ့ပါတယ်။ ဝန်ထမ်းတွေအပေါ် စေတနာထားပြီး မိသားစုလို သဘောထားတဲ့ နေခြည်ဦးဟာ အဲ့ဒါတွေကြောင့်လဲ တစ်နေ့တစ်ခြား အောင်မြင်နေရတာပဲဖြစ်ပါတယ်။

ထိုပါတီပွဲကို ဝန်ထမ်းတွေအပြင် သူမရဲ့ချစ်ခင်ရတဲ့ သူငယ်ချင်းတွေပါ တက်ရောက်ပေးခဲ့ကြပါတယ်။ နေခြည်ဦးက သူမရဲ့အဖွဲ့သားတွေနဲ့အတူတူ ဓာတ်ပုံရိုက်ပြီး “အားလုံးထဲမှာ နေခြည်က အသက်အကြီးဆုံးဘဲ။ အခုလို လူငယ်တွေနဲ့ ကိုယ်ပိုင်လုပ်ငန်းလေး စတင်လုပ်ခွင့်ရတာ ဘဝရဲ့ အမှတ်တရပါဘဲ။” ဆိုပြီး ဆိုထားပါတယ်။ နေခြည်ဦးက မကြာသေးခင်ကပဲ သူမရဲ့ ကိုယ်ပိုင်ထုတ်ကုန်ဖြစ်တဲ့ Year Planner လေးကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး ထို Year Planner လေးဟာ ပရိသတ်တွေအတွက် အရမ်းအသုံးဝင်တာကြောင့် အရမ်းကို ရေပန်းစားနေပါတယ်။

ပရိသတ်တွေ၊ ဝန်ထမ်းတွေကို အလေးထားတဲ့ နေခြည်ဦးတစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ဆွတ်ခူးရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ နေခြည့်ကို ချစ်တဲ့ပရိသတ်တွေ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments