၂၀၁၈ ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီရရှိဖို့ ရေပန်းစားနေတဲ့ အမျိုးသမီး အနုပညာရှင်နှစ်ဦး

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ် ဂုဏ်ပြုခဲ့တဲ့ အကယ်ဒမီပေးပွဲကြီးဟာဆိုရင် ပရိသတ်တွေကြား မကြာခင်အချိန်မှာ ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို လာမယ့် ၂၀၁၉ မတ်လမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိမည့် သူများအတွက်လည်း အကြီးအကဲ ဒိုင်ကြီးများက သေချာအကဲဖြတ် စစ်ဆေးပေးနေကြပြီပဲဖြစ်ပါတယ်။

လူကြီးများမှ သေချာအကဲဖြတ်စစ်ဆေးရာ ဒါရိုက်တာဆုကို ခရစ္စတီးနားခီ (ဥပါယ်တံမျဉ်) နှင့် အမျိုးသမီး ဇာတ်ပို့ဆုကို အေးဝတ်ရည်သောင်း (ခေါ်) အေးသောင်း (မုန်းစွဲ) မှာ ရရှိနေဖို့များကြောင်းကို သိရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း အကောင်းဆုံးထူးချွန်ဆု ( ၁၁ ) ဆုအပြင် ထူးခြားသော အနုပညာရှင် အတတ်ပညာရှင်များ ပေါ်ထွက်လာပါက အထူးဆုကို ပေးအပ်သွားမှာ ဖြစ်ကြောင်းကို သိရှိထားခဲ့ရတာပဲဖြစ်ပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီဟာဆိုရင် နိုင်ငံခြားမှ ထူးခြားတဲ့ အတတ်ပညာများကို သင်ယူလာပြီး မြန်မာနိုင်ငံမှာ အကောင်းမွန်ဆုံး ချပြပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အကောင်းမွန်ဆုံးလက်ရာတွေနဲ့ ပုံဖော်ရိုက်ကူးချပြပေးထားတဲ့ သူမရဲ့ ပထမဦးဆုံး ” ဥပါယ်တံမျဉ် ” ရုပ်ရှင်ကားကြီးဟာဆိုရင် အကယ်ဒမီ အဆင့်မှီစာရင်းထဲ ဝင်နေတာကြောင့် ထိုရုပ်ရှင်ကားကြီးရိုက်ကူးခဲ့တဲ့ သူမကို အကဲဖြတ်ဒိုင်ကြီးများက ဒါရိုက်တာဆု ရရှိနိုင်ကြောင်း မှန်းထားခဲ့ကြတာပဲဖြစ်ပါတယ်။

ထိုနည်းတူ သရုပ်ဆောင် အေးသောင်းဟာဆိုရင်လည်း ” မုန်းစွဲ ” ရုပ်ရှင်ကားကြီးမှာ ပရိသတ်တွေ မထင်မှတ်ထားလောက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုအားပေးကြသူ ပရိသတ်များအပေါင်းကို အသည်းတယားယားဖြစ်စေနိုင်လောက်တဲ့ သရုပ်ဆောင်မှုတွေကို ချပြပေးနိုင်ခဲ့တာကြောင့် အကယ်ဒမီ ဇာတ်ပို့ဆု ရရှိနိုင်ခြေများကြောင်း ခန့်မှန်းထားခဲ့ကြတာပဲ ဖြစ်ပါတယ်။

” မုန်းစွဲ ” ရုပ်ရှင်ကားကြီးမှာ မကြာဥ နေရာကနေ ပရိသတ်တွေ စိတ်ဝင်စားမှုရှိဆောင် ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ချပြပေးထားခဲ့တဲ့ အေးသောင်းရဲ့ပုံရိပ်

အကဲဖြတ်လူကြီးများနဲ့ ပရိသတ်တွေရဲ့ ခန့်မှန်းမှုအများဆုံးရရှိထားကြတဲ့ အနုပညာရှင် အမျိုးသမီးနှစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီနှင့် သရုပ်ဆောင် အေးသောင်းတို့အတွက် အကယ်ဒမီဆုကြီးကို ပရိသတ်ကြီးလည်း ထပ်တူ ရင်ခုန်ခံစားမိမယ်လို့ ထင်ပါတယ်။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Comments