သရုပ်ဆောင် ကျော်သူကတော့ အနုပညာလောကမှာ ဝါရင့် အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ တချိန်တုန်းက နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အနုပညာအလုပ်တွေကို အချိန်အတော်ကြာအနားယူခဲ့တာဖြစ်ပါတယ်။ ကျော်သူကတော့ လက်ရှိမှာ ဇာတ်လမ်းတွဲတွေ ပြန်လည်ရိုက်ကူးနေပြီးတော့ ၁၀ နှစ်ကျော်ကြာ အမြတ်တနိုးထားခဲ့တဲ့ ဆံပင်ရှည်ကြီးကိုလည်း သာသနာပြုဇာတ်လမ်းတွဲရိုက်ရန် ကတုံးတုံးခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်ကျော်သူဟာ အနုပညာအလုပ်တွေအပြင် ပရဟိတမင်းသားကြီးတစ်ဦးအဖြစ် ပရိသတ်တွေက အားကျအသိအမှတ်ပြုထားရတာဖြစ်ပါတယ်။ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌတစ်ဦးဖြစ်ပြီးတော့ လူမျိုးဘာသာ သာသနာမရွေး နာရေးကူညီမှုတွေအတွက် အမြဲလိုလို လုပ်ကိုင်နေသူဖြစ်ပါတယ်။

ယနေ့လေးမှာတော့ သရုပ်ဆောင် ဦးကျော်သူနဲ့ ဒေါ်မြင့်မြင့်ခင်ဖေ(ရွှေဇီးကွက်)တို့ရဲ့ သားဖြစ်သူ ပြည်သိမ်းကျော်ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးတဲ့နေ့လေးဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ဖြစ်တဲ့ ယနေ့မှာ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် ဦးကျော်သူရဲ့ သားဖြစ်သူ ပြည်သိမ်းကျော်ရဲ့ လက်မှတ်ထိုးပွဲပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

Comments
Post a Comment