လက်တလောမှာတော့ ပရိသတ်တွေကြားမှာ လူပြောများလာတဲ့ ဆယ်လီနှစ်ယောက်ရှိပါတယ်။သူတို့ကတော့ ဒေါင်းနဲ့ ၀တ် မှုံရွှေရည်ပါ။မကြာခင်မှာထွက်ရှိလာတော့မယ့် “လိပ်ပြာစံအိမ်” မှာတော့ သူတို့နှစ်ယောက် အတူတွဲ သရုပ်ဆောင် ခဲ့ပါတယ်။နှစ်ယောက်အတူဖြေတဲ့ အင်တာဗျူး၊ ပွဲတက်ပုံရိပ်တွေကို မြင်ပြီး သ၀န်တိုနေတဲ့ ဒေါင်းရဲ့ ပရိသတ်တွေကတော့ ၀တ်မှုံရွှေရည် တင်လိုက်တဲ့ ဒေါင်းပုံကြောင့် စိတ်မကောင်းဖြစ်ပြီး အသည်းကွဲခဲ့ကြပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သူမရဲ့ IG မှာ ဒေါင်းပုံတင်ခဲ့ပါတယ်။ဝတ်မှုံရွှေရည်တင်လိုက်တဲ့ ဒေါင်းရဲ့ပုံမှာတော့ အသဲလေး တောင်ဆွဲထားခဲ့ပါတယ်။သူမတင်လိုက်တဲ့ တိရစ္ဆာန်ဒေါင်းပုံဆိုပေမယ့် အင်တာဗျူးတွေ၊ပွဲတက်ပုံရိပ်တွေ၊အတူတွဲ ရိုက် တဲ့ ပုံတွေကို မြင်ပြီး သို့လောသို့လော ဖြစ်နေတဲ့ ပရိသတ်တွေ အတွက်ကတော့ ဒီပုံမှာ တခြား အဓိပ္ပါယ် တွေ များ ပါ နေမလား ဆိုပြီး သံသယတွေ ၀င်ခဲ့စေတာပါ။

နောက်တစ်ခုကတော့ ဒေါင်းရဲ့ IG မှာ Follow လုပ်ထားတဲ့ တစ်ဦးတည်းသောမြန်မာ ဆယ်လီ အမျိုး သမီး ဟာ ၀တ်မှုံရွှေရည်ဖြစ်နေတဲ့ အချက်ပါ။နှစ်ယောက်အတူ အင်တာဗျူးဖြေထားတဲ့ ဗီဒီယိုဖိုင်မှာ ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ ဒေါင်းရဲ့ ပုံစံကြောင့် ပရိသတ်တွေကို ပိုပြီး အူတို စေခဲ့တာပါ။အင်တာဗျူး ဗီဒီယိုဖိုင်ထဲမှာတော့ ၀တ်မှုံ ရွှေရည် ကို ဦးနေ အောင် အိမ်သုတ်ဆေးကြော်ငြာမှာတည်းက ၀တ်မှုံရွှေရည် စပေါ်ခါစ အချိန်တည်းက စပြီး သတိထား မိခဲ့ တာလို့ ဖြေခဲ့တာကိုလည်း တွေ့ရပါတယ်။

တစ်ချို့ပရိသတ်တွေကတော့ နောက်ထပ် မမနဲ့ မောင်လေး ဆယ်လီစုံတွဲပဲ ထပ်ပြီး ထွက်ပေါ် လာအုံး မလား ဆိုပြီး ထင်ကြေးပေးပြောဆိုနေကြတာကို တွေ့နေရပါတယ်။ဒေါင်းရဲ့ IG မှာ Follow လုပ် ထားတဲ့ တစ်ဦးတည်းသော မြန်မာဆယ်လီမိန်းကလေးက ၀တ်မှုံရွှေရည် ဖြစ်နေတယ်ဆိုတဲ့ အချက်ရယ်၊၀တ်မှုံရွှေရည်နဲ့ ပုံတွေကိုပဲ IG မှာ တင်ထားတယ်ဆိုတဲ့ အချက်တွေကြောင့် ဒေါင်းတစ်ယောက် ၀တ်မှုံရွှေရည်ကို Crush နေတာ ဆိုပြီး တစ်ထစ်ချ ပြောနေကြပါတယ်။

Comments
Post a Comment