နေရွှေသွေးအောင်ရဲ့ Cover Song မှာ အမိုက်စားပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေမှုန်ရတီ

Cover Song တွေ အမြဲသီဆိုလေ့ရှိတဲ့ နေရွှေသွေးအောင်ကတော့ သူ့ရဲ့ Cover Song MTV တွေကို နာမည်ကြီးမင်းသမီးတွေနဲ့ အမိုက်စားဖန်တီးလေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ နာမည်ကြီးသီချင်းတွေ တော်တော်များများကို ပြန်လည်သီဆိုတတ်တဲ့ နေရွှေသွေးအောင်က သင်ဇာဝင့်ကျော်နဲ့ အကြမ်းစား Cover Song MTV တစ်ခုကိုလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ယခုတစ်ကြိမ်မှာတော့ Enrique Iglesias ရဲ့ Hero သီချင်းကို Cover Song အဖြစ် ပြန်လည်ဖန်တီးခဲ့တာဖြစ်ပါတယ်။



ဒီသီချင်းလေးမှာတော့ နာမည်ကျော် သရုပ်ဆောင် ရွှေမှုန်ရတီ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဟန်းနီးမွန်းခရီးစဉ်ကပြန်လာပြီးချိန်မှာ ပုဂံမှာသွားရောက်ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ ယခုတင်ပေးလိုက်တဲ့ Cover Song MTV ဟာ Treaser ဖြစ်ပြီးတော့ Official ကိုတော့ သိပ်မကြာခင်မှာ တင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

အမြဲအသစ်အဆန်းတွေနဲ့ အမိုက်စားတွေကိုပဲ ဖန်တီးလေ့ရှိတဲ့ ဒီသီချင်းလေးမှာလည်း ရွှေမှုန်နဲ့အတူ ဘယ်လိုသရုပ်ဆောင်ထားမလဲ ဆိုတာ ပရိသတ်ကြီး အမြည်း ကြည့်ကြည့်လိုက်ပါဦးနော်

Comments