လတ်တလောမှာတော့ ချစ်စရာကောင်မလေး ဖြူဖြူထွေးရဲ့ပုံရိပ်တစ်ချို့က  ကမ္ဘာကျော် အနုပညာရှင် Selena Gomez နဲ့တူတယ်လို့ လူမှုကွန်ယက်ပေါ်မှာ  နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ TiTi သုံးဘီးကား အတွက်  ကြော်ငြာရိုက်ကူးပေးနေတာဖြစ်ပြီး အဝါရောင်လေးနဲ့ လှချင်တိုင်းလှနေတဲ့  သူမရဲ့ပုံရိပ်တွေက Selena နဲ့တူတယ်လို့ လူပြောများနေခဲ့တာပါ။ ကမ္ဘာကျော်  အဆိုတော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Selena Gomez ကတော့  သူမရဲ့ထူးချွန်ပြောင်မြောက်တဲ့ အနုပညာနဲ့ ညှို့အားပြင်းတဲ့  အလှတရားတွေကြောင့် တစ်ကမ္ဘာလုံးက ချစ်ခင်အားပေးကြတဲ့ အနုပညာရှင်တစ်ဦးပဲ  ဖြစ်ပါတယ်။
 
ချစ်ပရိသတ်တွေအတွက် တစ်ကမ္ဘာလုံးက ကြိုက်နှစ်သက်ကြတဲ့ ဆယ်လီမမ Selena နဲ့တူတယ်လို့ နာမည်ကြီးနေတဲ့ ဖြူဖြူထွေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြူဖြူထွေးကတော့ ” TiTi သုံးဘီးကား Shooting #Shooting #TiTi_Three_Wheel_Commercial” ဆိုပြီး ကြော်ငြာရိုက်ကူးနေတဲ့ သူမရဲ့ချစ်စရာဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှထားခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ ဗီဒီယိုရဲ့အောက်မှာတော့ ဖြူဖြူထွေးရဲ့ ပရိသတ်တစ်ချို့က Selena Gomez နဲ့ တူတယ်လို့ မှတ်ချက်ပေးခဲ့ကြတာတွေ့ရပြီး၊ ဖြူဖြူထွေးကလည်း ပျော်ရွှင်နေတာ တွေ့ရပါတယ်။

ဖြူဖြူထွေးကလည်း ရှည်လျားတဲ့ ဆံနွယ်ရှည်ကြီးတွေနဲ့ အဝါရောင် အကျီင်္လေးဝတ်တာ ထူးထူးခြားခြား တောက်ပနေတာပါ။
 
Selena Gomez နဲ့တူတယ်လို့ နာမည်ကြီးနေတဲ့ ဖြူဖြူထွေးရဲ့ဗီဒီယို
ချစ်ပရိသတ်တွေရော ကမ္ဘာကျော် အဆိုတော် Selena Gomez နဲ့ တူတယ်လို့ လူပြောများနေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်တွေကို ဘယ်လိုထင်ကြလဲ ဆိုတာ ပြောသွားခဲ့ပါဦးနော်။
 
Comments
Post a Comment