Shwe FM ပွဲမှာ ဖက်ရှင်ဆုရတဲ့ ဝတ်စုံထက်လှတဲ့ ပွဲတက်ဝတ်စုံတွေအများကြီးတွေ့ခဲ့ရတယ်ဆိုတဲ့ မော်ဒယ် မေနွယ်ထွန်း

မော်ဒယ်မေနွယ်ထွန်းကတော့ ကြော်ငြာတွေရိုက်ကူးဖို့အတွက် ရန်ကုန်မြို့ကို ရောက်ရှိနေတာဖြစ်ပြီး Shwe FM ပွဲရဲ့ဖိတ်ကြားချက်အရ Shwe FM ပွဲကိုတက်ရောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အနုပညာရှင်ပေါင်းများစွာတက်ရောက်လာတဲ့ Shwe FM ပွဲမှာ အလှပေါင်းမျိုးစုံကိုတွေ့မြင်ရပြီးတော့ အမိုက်စား ဒီဇိုင်းတွေနဲ့ ဖက်ရှင်တွေကိုလည်း ပရိသတ်ကြီးမြင်တွေ့ခဲ့ရမှာဖြစ်ပါတယ်။

Shwe FM ပွဲမှာ ဆုပေါင်းများစွာချီးမြင့်ခဲ့ပြီးတော့ ဖက်ရှင်ဆုကလည်း ပရိသတ်တွေကြား ဂယက်ထသွားခဲ့တဲ့ ဆုတစ်ခုဖြစ်ခဲ့ပါတယ်။ ဖက်ရှင်ဆုကိုတော့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုကရရှိခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ပြင်းထန်ခဲ့တဲ့ ဖက်ရှင်ဆုနဲ့ပတ်သက်ပြီးတော့ Shwe FM ပွဲကို တက်ရောက်သွားတဲ့ မော်ဒယ်မေနွယ်ထွန်းက ခုလိုမျိုး ပြောထားတာဖြစ်ပါတယ်။

“ဒါကတော့ ဆွိထင်ပါတယ်။ သူတို့တပ်ထားတာတော့ ဖက်ရှင်အမိုက်ဆုံးဆုပေါ့ ဒါပေမယ့် ဆွိထင်တာတော့ ဗုတ်တင်နဲ့သွားလားမသိဘူး။ အဲ့ကျတော့ ဗုတ်တင်နဲ့ပဲ သူ့ဖန်တွေက ပေးသွားတဲ့အတွက် ဒီဆုကိုရတယ်လို့ ထင်ပါတယ်။ သူ့ဝတ်စုံအပေါ်မှာ ဆွိအမြင်ဆိုရင်တော့ အမှန်တိုင်းပြောရမှာလား။ အမှန်တိုင်းပြောရရင်တော့ ချစ်စရာတော့ကောင်းပါတယ်။ ဒါပေမယ့် ဖက်ရှင်ဆုရရလောက်အောင်ထိတော့ သူ့ထက်လှတဲ့ ပွဲတက်မင်းသမီးတွေ အများကြီးကို ဆွိမြင်တွေ့ခဲ့ရပါတယ်။ ဥပမာ-သွန်းဆက်တို့ ဝါဆိုတို့ဆို တော်တော်လေးလှတယ်။အဲလိုမျိုးပေါ့နော် ဆုမရသင့်ဘူးလို့ပြောတာမဟုတ်ဘူးပေါ့နော်။ သူ့ကိုချစ်တဲ့သူနဲ့ ဗုတ်တင်နဲ့ သူ့ဖန်တွေကပေးတဲ့ဆုကို ရသွားတာဖြစ်ပါလိမ့်မယ် အဓိကကတော့။ ဝေဖန်ကြတဲ့အပေါ်မှာတော့ ဆွိကဘာမှမပြောလိုပါဘူး။ သူ့ဟာလေးနဲ့သူတော့ လှပနေကြတာပဲလေ ဒါပေမယ့်အဲ့ထဲမှာတော့ ဒီထက်လှတဲ့ ဖက်ရှင်ကျတဲ့ မင်းသမီးတွေတော့အများကြီးရှိတာပေါ့။ အိချောပိုတို့လည်းလှတာပဲလေ။”

ဖက်ရှင်ဆု ရရှိကြောင်း ကြေညာလိုက်ချိန်မှာတော့ မေနွယ်ထွန်းအနေနဲ့ အနည်းငယ်တော့ အံ့သြသွားခဲ့ရတယ်လို့ဆိုပါတယ်။

” ကိုယ့်အနေနဲ့ နည်းနည်းတော့ လန့်သွားတာပေါ့နော်။ ကိုယ်ထင်ထားတာတော့ ဒီထက်လှတဲ့မင်းသမီးတွေများတဲ့အခါကျတော့ နည်းနည်းတော့အံ့သြသွားတာပေါ့ ဒါပေမယ့် ကြည့်ရတာတော့ အဲလိုပဲဖြစ်ပါလိမ့်မယ်။ ဗုတ်တင်နဲ့သွားတာဖြစ်တဲ့အတွက် သူ့ရဲ့ဖန်တွေက သူ့ကိုချစ်ကြတော့ ပေးရင်းနဲ့ ဖက်ရှင်ဆုကို ရရှိသွားတာဖြစ်မယ်။”

သူမအနေနဲ့ကတော့ Voting System နဲ့ပတ်သက်ပြီး သူမရဲ့အမြင်လေးကို ပြောပြလာတာဖြစ်ပါတယ်။ နိုင်ငံခြားပြိုင်ပွဲတွေမှာလည်း ဒီစနစ်ကိုအသုံးပြုလျက်ရှိပေမယ့် အမှန်တကယ် ကောင်းတဲ့ တော်တဲ့သူတွေပဲ ရကြတယ်လို့ဆိုပါတယ်။

“နိုင်ငံခြားမှာလည်း ဗုတ်တင်တွေနဲ့တော်တော်များများလုပ်တယ်။ ဒါပေမယ့်နိုင်ငံခြားပြိုင်ပွဲတွေမှာ ဆွိတွေ့ရသလောက်က တော့ ကိုယ်လည်းအရမ်းသိနေလို့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ဗုတ်တင် System ကတကယ်ကောင်းတဲ့သူကိုပဲ ရွေးကြတာ။ ဒီမှာတော့ ဆွိ Personally ပြောတာပါ။ ဒီမှာတော့ Voting System ရွေးတာကို သဘောမကျပါဘူး။ ဒီမှာကျတော့ သူ့ရဲ့ အနုပညာအရည်အချင်းထက် ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးအစွဲနဲ့ပေးကြတဲ့ ဗုတ်က ပိုများတဲ့အတွက် စစ်မှန်တဲ့လူထွက်လာဖို့အားနည်းတယ်လို့ ထင်ပါတယ်။” ဆိုပြီး Voting System နဲ့ပတ်သက်ပြီး ထင်မြင်ချက်လေးတွေကို 8Days မီဒီယာရဲ့ အင်တာဗျူးဖြေကြားချက်ကတဆင့် ဖြေကြားပြောဆိုသွားတာဖြစ်ပါတယ်။

ပရိသတ်ကြီးကရော Shwe FM (၉) နှစ်ပြည့်ပွဲက ဖက်ရှင်ဆုနဲ့ပတ်သက်ပြီးတော့ ထင်မြင်ယူဆချက်လေးတွေကို ပြောခဲ့ကြဖို့ မမေ့နဲ့ဦးနော်။We Love Cele

Comments